> For the complete documentation index, see [llms.txt](https://openbriefing.gitbook.io/psychological-first-aid/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://openbriefing.gitbook.io/psychological-first-aid/pfa-my/seikpaingsaaingyaaaya-yahe-uthunapyusukhyin.md).

# စိတ်ပိုင်းဆိုင်ရာအရ ရှေးဦးသူနာပြုစုခြင်း

စွန့်စားမှုအန္တရာယ်များသော တက်ကြွလှုပ်ရှားသူများနှင့် ထောက်ခံအားပေးသူများအား ပံ့ပိုးပေးနေသူများအတွက် လမ်းညွှန်

{% hint style="info" %}
ပြင်းထန်သော အဖြစ်အပျက် သို့မဟုတ် အကျပ်အတည်းတစ်ခုခု ဖြစ်ပွားပြီးနောက် ပထမ **24-72 နာရီ** အတွင်း တုံ့ပြန်ဖြေရှင်းသူများသည် ထိခိုက်ခံစားရသူများအား ပိုမိုထိရောက်စွာ ရင်ဆိုင်ဖြေရှင်းနိုင်စေရန်နှင့် နောက်ထပ်စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကို လျှော့ချရန် သင့်လျော်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါသည်။
{% endhint %}

## စိတ်ထိခိုက်စရာဖြစ်ရပ်များအတွက် တွေ့ရများသည့်တုံ့ပြန်မှုများ

စိတ်ဒဏ်ရာအရ တုံ့ပြန်မှုများသည် ပုံမှန်မဟုတ်သော အဖြစ်အပျက်များအပေါ် တုံ့ပြန်လေ့ရှိသည့် နားလည်နိုင်သော ပုံမှန်ဖြစ်သည့် တုံ့ပြန်မှုတစ်ခုဖြစ်သည်။ သို့သော် ရောဂါလက္ခဏာများမှာ ပြင်းထန်နိုင်ပါသည်၊ ထိခိုက်ခံစားရသူများသည် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခြင်း သို့မဟုတ် 'ရူးသွပ်သွားခြင်း' ကို မကြာခဏ ခံစားရလေ့ရှိသည်။ တွေ့ရများသောတုံ့ပြန်မှုများတွင် ပါဝင်သည်များမှာ-

* ဒေါသကို အဆက်မပြတ်စောင့်ကြည့်နေသကဲ့သို့ ရင်တထိတ်ထိတ်နှင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေခြင်း။
* စိတ်ထိခိုက်စရာ အဖြစ်အပျက်ဖြစ်ပွားရာနေရာ သို့မဟုတ် ယင်းအဖြစ်အပျက်ကို သတိပေးနေသော အခြားအရာများကို ရှောင်ခြင်း။
* နောက်ကြောင်းပြန်ခံစားချက်များ (မကြာခဏအာားဖြင့် ဖြစ်ရပ်နှင့်ဆက်စပ်နေသော အနံ့ သို့မဟုတ် အသံများကြောင့် ပြန်ခံစားရခြင်း)။
* တစ်ခါတစ်ရံ အိပ်မက်ဆိုးများဆီ ဦးတည်သော အနှောင့်အယှက်ဖြစ်စေသည့် အတွေးများ ထပ်တလဲလဲတွေးတောမိခြင်း။
* အိပ်စက်ရခက်ခဲသကဲ့သို့ စိတ်သက်သက်သာသာနေရန်ခက်ခဲခြင်း။
* စိုးရိမ်လွန်ခြင်း၊ ကြောက်စိတ်မွှန်ခြင်း၊ အထိတ်တလန့်ဖြစ်ခြင်းနှင့် မလုံခြုံမှုကို ခံစားရခြင်း။
* ခေါင်းကိုက်ခြင်းနှင့်/သို့မဟုတ် ခေါင်းတစ်ခြမ်းကိုက်ခြင်း။
* အစာခြေပြဿနာများ။
* ထီးတည်းနေလိုသောဆန္ဒနှင့်/သို့မဟုတ် အထီးကျန်မည်ကိုကြောက်ရွံ့ခြင်း။
* စိတ်ခံစားချက်ပိုင်းဆိုင်ရာအရ ပေါက်ကွဲလွယ်ခြင်း (ဒေါသနှင့် ဝမ်းနည်းမှု အပါအဝင်)။
* အပြစ်တင်ခြင်း၊ အပြစ်ရှိသလိုခံစားရခြင်း၊ ဆုံးရှုံးခြင်း၊ ဝမ်းနည်းခြင်း စသည့် ခံစားချက်များ။
* ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွမ်းနယ်ခြင်း။
* အာရုံစူးစိုက်နိုင်စွမ်းကင်းမဲ့ပြီး မှတ်ဉာဏ်အားနည်းခြင်း။

လူအများစုသည် ထိတ်လန့်ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပွားပြီးနောက် ဤတုံ့ပြန်မှုအချို့ကို တွေ့ကြုံခံစားရသော်လည်း အများစုမှာ မိတ်ဆွေများ၊ မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ပံ့ပိုးမှုဖြင့် သဘာဝအလျောက် ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။

{% hint style="warning" %}
ရောဂါလက္ခဏာများ သိသိသာသာပြင်းထန်နေပါက သို့မဟုတ် **4-6 ပတ်** ကျော်ကြာ ဆက်လက် ဖြစ်ပွားနေပါက စိတ်ကျန်းမာရေး အထူးကုဆရာဝန်၏ ပံ့ပိုးကူညီမှု လိုအပ်နိုင်ဖွယ်ရှိပါသည်။
{% endhint %}

## စိတ်ပိုင်းဆိုင်ရာအရ ရှေးဦးသူနာပြုစုပေးခြင်း

စိတ်ပိုင်းဆိုင်ရာအရ ရှေးဦးသူနာပြုစုခြင်း (PFA) ဆိုသည်မှာ အရေးကြီးသော အဖြစ်အပျက် သို့မဟုတ် အကျပ်အတည်းတစ်ခု ဖြစ်ပွားပြီးနောက် ချက်ချင်းအားဖြင့် မည်သို့သော အသက်အရွယ် သို့မဟုတ် နောက်ခံရှိသူကိုမဆို ကူညီမှုပေးရန်အတွက် အထောက်အထား အခြေပြုထားသည့် ချဉ်းကပ်နည်း တစ်ခုဖြစ်သည်။ ၎င်းသည် ကနဦးစိတ်သောကများကို လျှော့ချနိုင်ပြီး ရေတိုနှင့် ရေရှည် ရင်ဆိုင်ဖြေရှင်းနိုင်သည့် အပြုအမူများကို ပျိုးထောင်ကာ PTSD ဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါသည်။

PFA မပေးမီ အရေးကြီးသည်မှာ-

* သင့်ကိုယ်ပိုင်အရင်းအမြစ်များနှင့် သင့်အတွက်ရရှိနိုင်သော ပံ့ပိုးမှုများကို ထည့်သွင်းစဉ်းစားရန်။
* (အထူးသဖြင့် ပြဿနာသည် ပုဂ္ဂိုလ်ရေးအရဖြစ်ပါက သို့မဟုတ် ထိရှလွယ်ပါက) သင်က အစပျိုးသကဲ့သို့ဖြစ်နိုင်သည်ကို သတိထားပါ၊ ပြီးလျှင် ၎င်းကို သင်မည်ကဲ့သို့ စီမံခန့်ခွဲမည်ကို စဉ်းစားပါ။
* [စာနာစိတ်လျော့ပါးခြင်း၊ သွယ်ဝိုက်ခံစားရသည့် စိတ်ဒဏ်ရာ၊ ဆက်တိုက်ပင်ပန်းမှုကြောင့် စိတ်အားလူအား ချုံးချုံးကျခြင်း](https://www.openbriefing.org/resources/compassion-fatigue-vicarious-trauma-and-burnout-infosheet-for-those-supporting-human-rights-defenders/) သဘောတရားများအပြင် ၎င်းတို့ကိုလျော့ပါးစေသော နည်းလမ်းများနှင့် မိမိကိုယ်တိုင် ရင်းနှီးအောင်လုပ်ထားပါ။

စိတ်ပိုင်းဆိုင်ရာအရ ရှေးဦးသူနာပြုစုခြင်းကို အဆင့်သုံးဆင့်ဖြင့် ပံ့ပိုးသင့်သည်- ကြည့်ပါ၊ နားထောင်ပါ၊ ချိတ်ဆက်ပါ-

<table data-view="cards"><thead><tr><th></th><th></th><th></th></tr></thead><tbody><tr><td><strong>ကြည့်ပါ 🔎</strong></td><td>ပထမအဆင့်တွင် ရည်မှန်းထားရမည်မှာ <strong>ဘာတွေဖြစ်ခဲ့သလဲနှင့် ဘယ်သူတွေ ထိခိုက်ထားလဲဆိုသည်ကို ဖော်ထုတ်ရန်ဖြစ်သည်။</strong></td><td>သင်သည် အသစ်ဖြစ်ပေါ်တိုးတက်မှုများကို အချိန်နှင့်တပြေးညီ သိရှိထားပြီး ရရှိနိုင်သည့် အခြားသော ပံ့ပိုးကူညီမှု ရင်းမြစ်များကိုလည်း သိရှိအောင် လုပ်ဆောင်ထားသင့်သည်။</td></tr><tr><td><strong>နားထောင်ပါ👂</strong></td><td>နောက်အဆင့်တွင် ရည်မှန်းထားရမည်မှာ <strong>ထိခိုက်ခံစားရသူများနှင့် စကားစတင်ပြောဆိုပြီး တည်ငြိမ်အောင်လုပ်ဆောင်ပေးရန် ဖြစ်သည်။</strong></td><td>သင်သည် စိတ်ပါလက်ပါ နားထောင်ပေးရန်နှင့် အခြားသင့်လျော်သော ဆက်သွယ်မှုစွမ်းရည်များနှင့် စိတ်ပိုင်းဆိုင်ရာအရ ပညာပေးခြင်း (သတင်းအချက်အလက်နှင့် အသိပညာမျှဝေခြင်း) တို့ကို အသုံးပြုရန် လိုအပ်မည်ဖြစ်သည်။</td></tr><tr><td><strong>ချိတ်ဆက်ပါ</strong> 🤝</td><td>နောက်ဆုံးအဆင့်တွင် ရည်မှန်းထားရမည်မှာ <strong>လူများအား နောက်ဆက်တွဲစောင့်ကြည့်လေ့လာပြီး နောက်ထပ် ပံ့ပိုးကူညီမှုရင်းမြစ်များနှင့် ချိတ်ဆက်ပေးရန်ဖြစ်သည်။</strong></td><td>သင့်အနေဖြင့် သင့်လျော်သော အကန့်အသတ်များ ထားရှိရန်နှင့် ဆက်သွယ်မှုကို အဆုံးသတ်ရန်လည်း လိုအပ်မည်ဖြစ်သည်။</td></tr></tbody></table>

| ကြည့်ပါ 🔎                                                                                                                                                   | နားထောင်ပါ👂                                                                                                                                                                                                                                                                                         | ချိတ်ဆက်ပါ 🤝                                                                                                                                                    |
| ------------------------------------------------------------------------------------------------------------------------------------------------------------ | ---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------- | ---------------------------------------------------------------------------------------------------------------------------------------------------------------- |
| ဘာဖြစ်ခဲ့ပါသလဲ။                                                                                                                                              | ယဉ်ကျေးမှုအရ သင့်လျော်သောပုံစံဖြင့် စတင်ဆက်သွယ်ပါ။                                                                                                                                                                                                                                                   | ၎င်းတို့ လက်တွေ့ကျသောအကူအညီများ(ဥပမာ- အစားအစာ၊ အဝတ်အစားများဖုန်းခေါ်ဆိုခြင်း) ရရှိအောင် ကူညီပေးပါ။                                                               |
| အဆိုပါအဖြစ်အပျက်က ဘယ်အချိန်၊ ဘယ်နေရာမှာ ဖြစ်ပျက်ခဲ့ပါသလဲ။                                                                                                    | သင်ထိုနေရာတွင် ဘာလုပ်မည်(နှင့် ဘာမလုပ်မည်ကို) ရှင်းပြပါ။                                                                                                                                                                                                                                             | ၎င်းတို့အား ထပ်ဆောင်းဝန်ဆောင်မှုများ(ဥပမာ ဆေးဘက်ဆိုင်ရာ၊ ဥပဒေရေးရာသို့မဟုတ် လူမှုရေးဝန်ဆောင်မှုများ) သို့တိုက်ရိုက်ချိတ်ဆက်ပေးပါ။                                |
| လူမည်မျှ ထိခိုက်ခဲ့ပြီး မည်သူများ ထိခိုက်ခဲ့ပါသလဲ။                                                                                                           | အခြေအနေနှင့်ပတ်သက်ပြီး နောက်ဆုံးသတင်းကို ပေးပါ။                                                                                                                                                                                                                                                      | ၎င်းတို့ကို မလိုအပ်ဘဲ စွန့်စားမှုလုပ်ခြင်းများမှ ကာကွယ်ပေးလျက် ၎င်းတို့ကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ချက်များချမှတ်စေပြီး ထိန်းချုပ်နိုင်စွမ်း ပြန်လည်ရရှိပါစေ။ |
| အခြားသူများက အချက်အလက်များ လိုအပ်ပါသလား။                                                                                                                     | လက်ငင်းလိုအပ်ချက်များကို မေးမြန်းပါ။                                                                                                                                                                                                                                                                 | ချက်ချင်းရနိုင်သော အထောက်အပံ့ကို အသုံးပြုရန် ၎င်းတို့ကို အားပေးပါ။                                                                                               |
| အခြေခံလိုအပ်ချက်များ (ဥပမာ- ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ အစားအစာ၊ရေနှင့် အမိုးအကာ) ကို မည်သူကဖြည့်ဆည်းပေးနေသနည်း။                                          | ကိုယ်ချင်းစာစိတ်၊ ကရုဏာစိတ်တို့ဖြင့် တည်တည်ငြိမ်ငြိမ် စကားပြောပါ။                                                                                                                                                                                                                                    | အခြေခံပံ့ပိုးကူညီမှုကွန်ရက်များ (ဥပမာ- မိတ်ဆွေများ၊ မိသားစုနှင့်လုပ်ဖော်ကိုင်ဖက်များ) ကို ချိတ်ဆက်နိုင်ရန် ကူညီပေးပါ။                                            |
| ထိုဝန်ဆောင်မှုများကို လူများက မည်သည့်နေရာတွင် မည်သို့ချိတ်ဆက်ရယူနိုင်မည်နည်း။                                                                                | သင်တို့နှစ်ဦးစလုံး [PTSD](https://www.youtube.com/watch?v=PeO5fqHdU08)  နှင့် [စိုးရိမ်လွန်ခြင်း](https://www.youtube.com/watch?v=pJCpZBIedrw\&t=2s)များကို ရင်ဆိုင်ဖြေရှင်းရာတွင်အထောက်အကူဖြစ်စေမည့် လက်ရှိအချိန်ကိုပြန်လည်အာရုံစိုက်စေနိုင်မည့် နည်းစနစ်များ(grounding techniques) ကို အသုံးပြုပါ။ | လိုအပ်ပါက ဆေးဘက်ပံ့ပိုးကူညီမှုများထံလွှဲပို့ပါ (ဥပမာ- နှစ်သိမ့်ဆွေးနွေးခြင်းသို့မဟုတ် စိတ်ဒဏ်ရာများအတွက်ပံ့ပိုးမှု)                                              |
| ဒေသပတ်ဝန်းကျင်တွင် အခြားသော မည်သည့်အန္တရာယ်များ (ဥပမာ လက်နက်ကိုင်အဖွဲ့များ၊ မြေမြှုပ်မိုင်းများ၊ သို့မဟုတ်ပျက်စီးနေသည့် အခြေခံအဆောက်အအုံများ) ရှိနိုင်သနည်း။ | [ရင်ဆိုင်ဖြေရှင်းနည်းဗျူဟာများ](https://www.youtube.com/watch?v=cPoqxmaEhL4)နှင့် ပတ်သက်သည့် အခြေခံအချက်အလက်များကို အသိပေးပါ။                                                                                                                                                                        |                                                                                                                                                                  |
|                                                                                                                                                              | *မ* လုပ်ရမည့် အရာများနှင့်ပတ်သက်၍အကြံပေးပါ (ဥပမာ-  တစ်ဦးတည်းသီးခြားခွဲနေခြင်း သို့မဟုတ် မူးယစ်ဆေးဝါးနှင့်အရက်သေစာသုံးစွဲခြင်း)။                                                                                                                                                                      |                                                                                                                                                                  |

{% hint style="warning" %}
ထိခိုက်ခံစားခဲ့ရသူများအား ဖြစ်ပျက်ခဲ့သည်များကို မေးမြန်းခြင်းမပြုပါနှင့်။ ၎င်းတို့ ဆန္ဒအလျောက် အဖြစ်အပျက်ကို ပြောပြလိုပါက ဂရုတစိုက်နားထောင်ပြီး ၎င်းတို့ပြန်ပြောပြသည်ကို အသိအမှတ်ပြုပါ၊ သို့သော် မှတ်ချက်များ သို့မဟုတ် မေးခွန်းများကို ရှောင်ပါ။
{% endhint %}

## စိတ်ထိခိုက်ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားပြီးနောက် မိမိကိုယ်ကို စောင့်ရှောက်ခြင်း

ပြင်းထန်သော အဖြစ်အပျက် သို့မဟုတ် အကျပ်အတည်းတစ်ခု ဖြစ်ပွားပြီးနောက် ရက်ပိုင်းအတွင်းနှင့် သီတင်းပတ်များအတွင်း ထိခိုက်ခံစားခဲ့ရသူများအား ရိုးရှင်းလွယ်ကူသည့် မိမိကိုယ်ကို စောင့်ရှောက်မှု လမ်းညွှန်ချက်များကို လုပ်ဆောင်ရန် တိုက်တွန်းပါ-

1. ဖြစ်နိုင်ပါက ညဘက် အချိန်မှန်မှန် အိပ်စက်ပြီး ကောင်းမွန်သော အိပ်ရာအနေအထားဖြစ်အောင် ပြင်ဆင်ခြင်းအပါအဝင် အိပ်ရေးဝဝအိပ်စက်ပါ။
2. အစာပုံမှန်စားပြီး ကျန်းမာရေးနှင့် ညီညွှတ်မျှတအောင် စားပါ။
3. လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် အားကစားလုပ်ခြင်းတို့ကို ပုံမှန်လုပ်ဆောင်ပါ။
4. ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှု သို့မဟုတ် ထိခိုက်ဒဏ်ရာကို ကုသပါ။ ကုစားရန်အတွက် သင့်ကိုယ်သင် အချိန်ပေးပါ။
5. နေ့စဉ်မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆင်ခြင်သုံးသပ်တတ်သော အလေ့အကျင့်ကို ဆောင်ရွက်ပါ။
6. စိတ်ဖိစီးမှု သို့မဟုတ် စိတ်ဒဏ်ရာကို ကုစားသည့်နည်းလမ်းအဖြစ် မူးယစ်ဆေး သို့မဟုတ် အရက်သေစာ မသုံးစွဲပါနှင့်။
7. သင့်ကို ထောက်ပံ့ပေးနိုင်သော မိတ်ဆွေများ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်များ၊ ရပ်ရွာအဖွဲ့ဝင်များနှင့် ဆက်ဆံရေးကို ထိန်းထားပါ။
8. သင်၏ကျန်းမာရေးနှင့် သာယာဝပြောရေးအတွက် အပြောင်းအလဲများ ဖြစ်စေနိုင်သော စိတ်ဖိစီးစေနိုင်သည့်အရာများကို သိရှိနားလည်ထားပြီး စိတ်ဖိစီးမှု အရိပ်အယောင်များနှင့် ရောဂါလက္ခဏာများကို နားလည်သဘောပေါက်အောင် သင်ကိုယ်တိုင် လေ့လာသင်ယူပါ။

{% hint style="success" %}
စိတ်ထိခိုက်ဖွယ်ဖြစ်ရပ်များကြောင့် ထိခိုက်ခံစားနေရသူများအား PFA နှင့် အခြားပံ့ပိုးကူညီမှုများ ပေးခြင်းသည် သွယ်ဝိုက်၍ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ ရရှိလာသည့် စိတ်ဒဏ်ရာကြောင့်အပါအဝင် သင့်အပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါ မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်းလမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် သင့်အား ကျန်းမာသန်စွမ်းပြီး စိတ်ဓာတ်ကြံ့ခိုင်စေကာ ပိုမိုကောင်းမွန်သော ပံ့ပိုးမှုများကို ပေးနိုင်စေမည်ဖြစ်သည်။
{% endhint %}

အပိုဆောင်း မိမိကိုယ်ကို စောင့်ရှောက်မှု လမ်းညွှန်ချက်နှင့် သာယာဝပြောရေး အစီအစဉ် ပုံစံနမူနာတို့ကို Open Briefing မှ **လူ့အခွင့်အရေး ကာကွယ်သူများအတွက် ဘက်စုံလုံခြုံရေးကျင့်ဝတ်**တွင် ရရှိနိုင်ပါသည်-

{% embed url="<https://openbriefing.gitbook.io/defenders-protocol/v/my/wellbeing>" %}

**မသက်ဆိုင်ကြောင်းရှင်းလင်းချက်။** တရားဥပဒေက ခွင့်ပြုထားသော အခွင့်အာဏာ အပြည့်အဝအရ ဤရင်းမြစ်အား အသုံးပြုခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းတစ်ခုခု၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် မည့်သည့်ဆုံးရှုံးမှု၊ ပျက်စီးမှု သို့မဟုတ် အဆင်မပြေမှုအတွက်မဆို Open Briefing တွင် တာဝန်မရှိပါကြောင်း ရှင်းလင်းအပ်ပါသည်။


---

# Agent Instructions
This documentation is published with GitBook. GitBook is the documentation platform designed so that both humans and AI agents can read, navigate, and reason over technical content effectively. Learn more at gitbook.com.

## Querying This Documentation
If you need additional information that is not directly available in this page, you can query the documentation by asking a question.

Perform an HTTP GET request on the following URL with the `ask` and `goal` query parameters:

```
GET https://openbriefing.gitbook.io/psychological-first-aid/pfa-my/seikpaingsaaingyaaaya-yahe-uthunapyusukhyin.md?ask=<question>&goal=<user_goal>
```

`ask` is the immediate question: it should be specific, self-contained, and written in natural language.
`goal` is what the user is ultimately trying to achieve, the reason they need the answer. Sharing it helps GitBook give you a better, more relevant answer. A goal is most helpful when it describes the outcome the user wants rather than restating the question. For example, with `ask=how do I create an API token`, a goal like `automate deployments from our CI pipeline` lets GitBook tailor the answer to that use case.

The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
